Sunday, January 5, 2014

ဓမ္မစေတီခေါင်းလောင်းကြီး ဘယ်လို အစပျောက်သွားသလဲ

ဓမ္မစေတီမင်း(ခရစ်နှစ် ၁၄၇၁-၁၄၉၂)သည် ဘုရင်မကြီးရှင်စောပု၏ သမက်တော်ဖြစ်သည်။ရှင်စောပုသည်ခရစ်နှစ် ၁၄၅၉ တွင် ဓမ္မစေတီအား ထီးနန်းလွှဲအပ်ပြီ ရန်ကုန် ရွှေတိဂုံ စေတီအနီး တရားရိပ်တွင် ခိုလှုံခဲ့ သည်။ရှင်စောပုလက်ထက်တွင် ရွှေတိဂုံစေတီတော် ၀တ္တကမြေကို ချဲ့ ထွင်လှူဒါန်းခဲ့ သည်။ဓမ္မစေတီလက်ထက်တွင် ၀တ္တက မြေကို ပြန်ချုံ့ လိုက်သည်။ယင်းကိစ္စအတွက် အပြစ်မဖြစ်စေရန် ခေါင်းလောင်းကြီးတစ်လုံးလှူဒါန်းခဲ့ သည်။
ခရစ်နျစ် ၁၄၇၆ တွင် မွန်ပညာရှိအမတ်ကြီး ဗညားအိမ် ကို သွန်းလုပ်ရန်တာဝန်ပေးခဲ့ သည်။ဓမ္မစေတီခေါင်းလောင်းကြီးသည် ကြေးပိသာ ၁၈၀၀၀၀ ရှိသည်။တန်ချိန် ၂၇၀ လေးသည်။အစောက် ၁၂ တောင်၊အ၀ ၈ တောင်ရှိသည်။
ယင်းသို့ လှူဒါန်းပြီးနောက် ၁၃၂ နှစ်ခန့် အကြာ ခရစ်နှစ် ၁၆၀၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒီဘရစ်တို (ငဇင်ကာ)သည် အမြောက်များပြုလုပ်ရန် ရွှေတိဂုံ စေတီရင်ပြင်တော်ပေါ်မှ ဓမ္မစေတီ ခေါင်းလောင်းကြီးကို အတင်းအဓမ္မ သယ်ဆောင်သွားခဲ့ သည်။သန်လျင် သို့ မရောက်မီ ပုဇွန်တောင်ချောင်းဝ အရောက် သဘောင်္ဝမ်းဗိုက်ကွဲထွက်သွားသည်။ဓမ္မစေတီခေါင်းလောင်းကြီးသည် ထိုအချိန်မှစပြီး ရန်ကုန်မြစ်အတွင်း နစ်မြုပ်ပျောက်ကွယ်သွားခဲ့ ရသည်။

No comments:

Post a Comment