ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်ထောင် တွင် ထောင်ဒဏ်
၁၅နှစ်ကျခံနေရသည့် ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမောင်ဝိတ် လွတ်မြောက်လာပြီ
ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး
လမ်းမတော် မြို့နယ် ၌ ဆောက်လုပ်ရေးကုမ္ပဏီ ဖွင့်လှစ်ကာ
ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ဦးမောင်ဝိတ်သည် မူးယစ်အပါအဝင်
လူဝင် ကြီးကြပ်မှု ဥပဒေပုဒ်မများဖြင့် လွန်ခဲ့သည့် ၂၀၀၈ခုနှစ်က ပြစ်ဒဏ်
ချမှတ်ခံခဲ့ ရခြင်း ဖြစ်ကြောင်း သိရသည်။
''ဆောက်လုပ်ရေးလုပ် ငန်းရှင်ကြီးတစ်ဦးဆိုပေမယ့် မောင်ဝိတ်က တကယ့်လူငယ် လူတော်တစ်ယောက်ပါ။ လူငယ် ဖြစ်တဲ့အတွက် လူငယ်ဘာသာ ဘာဝအလျောက် အပျော်အပါး တွေ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အစိုးရအနေနဲ့ အခုလို ဆောက်လုပ်ရေးလုပ် ငန်းရှင်တစ်ဦးကို လွတ်ငြိမ်းခွင့် ပေးလိုက်တာဟာ နိုင်ငံတော် အတွက်အပါအဝင် ဆောက် လုပ်ရေးလောကအတွက်ပါ ပို မိုအကျိုးရှိလာလိမ့်မယ်လို့ ယုံ ကြည်ပါတယ်''ဟု မောင်ဝိတ် နှင့်အနီး ကပ်နေထိုင်ခဲ့သူတစ် ဦးက ပြောသည်။
၁၉၉၉ခုနှစ်ခန့်က မောင် ဝိတ်သည် သူ၏ခန္ဓာကိုယ်အ လေးချိန်နှင့်ညီမျှသော ကာလ တန်ဖိုး အမေရိကန်ဒေါ်လာ နှစ်သန်းတန်ဖိုးရှိ ရွှေသားများ ကို ရွှေတိဂုံဘုရားပေါ်တွင် လှူ ဒါန်းခဲ့ဖူးကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်ပြီး ပုသိမ်အကျဉ်းထောင်တွင် အ ကျဉ်းကျနေစဉ် အတူနေခဲ့ပြီး ပြန်လွတ်မြောက်လာသူတစ်ဦး က ''ကိုမောင်ဝိတ်ဟာ လူငယ် ဘဝမှာ မှားတာတွေရှိကောင်း ရှိလာခဲ့မယ်။ အဲဒီအမှားအ တွက်လဲ ပြစ်ဒဏ်ချမှတ်ခြင်းခံ နေရစဉ်ကာလ အတွင်းမှာ ဘဝ တူအကျဉ်းသားတွေရဲ့ ကျန်း မာရေး၊ လူမှုရေးတွေကို အစဉ် တစိုက် ဦးဆောင်ဦးရွက်လုပ် ပေးခဲ့သူတစ်ဦးပါ။ တကယ့်လူ တော်လူကောင်းလေးတစ်ဦး ပါ''ဟု ပြောသည်။

No comments:
Post a Comment