မန်းအိုးဘိုထောင်မှ နိုင်ငံခြားသားများအပါအ၀င်
အကျဉ်းသား ၈၀၀ကျော်၊သာယာဝတီထောင်မှ အကျဉ်းသား၂၈၀ဦးလွတ်မြောက်
မန္တလေး၊ ဇန်န၀ါရီ ၃
မန်းအိုးဘိုထောင်မှာ အကျဉ်းသားစုစုပေါင်း ၈၈၃ယောက် နိုင်ငံတော်သမ္မတလွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ယနေ့လွတ်မြောက်လာခဲ့သည်။
နိုင်ငံခြားသားအကျဉ်းသား ကျား/မ ၄၆ယောက်၊ ပြည်တွင်းအမျိုးသမီးအကျဉ်းသူ ၂၀၀အပါအ၀င် စုစု ပေါင်း ၈၈၃ယောက်လွတ်ပေးမည်ဖြစ်ကြောင်း အိုးဘိုအကျဉ်းထောင်မှ သတင်းရရှိသည်။
နိုင်ငံတော်သမ္မတက ၆၆ နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော် တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ အတွက်လည်းကောင်း၊ လူသား ချင်းစာနာထောက်ထားမှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ် ကျခံနေရသည့်အကျဉ်းသားများ၏့ ပြစ်ဒဏ်များကို လျှော့ပေါ့ပေးခြင်း၊ အပြီး သတ်လွတ်ပေးခြင်းများပြုလုပ်ခဲ့သည်။ထိုအတူ သာယာဝတီထောင်မှ အကျဉ်းသား၂၈၀ဦးလွတ်မြောက်လာကြောင်း အမျိုးသမီး၈၀ဦးနှင့်အမျိုးသား၂၀၀ဖြစ်ကြောင်းသိရသည်။
လက်ရှိအိုးဘိုအကျဉ်းထောင်မှ အကျဉ်းသားများအားလူအုပ်စုခွဲကာလွှတ်ပေးနေပြီး
ယနေ့ ၂နာရီခန့်အထိ အကျဉ်းသား များလွှတ်ပေးနေဆဲဖြစ်သည်။
No comments:
Post a Comment