Sunday, January 5, 2014

ဓမ္မစေတီခေါင်းလောင်းကြီး ဘယ်လို အစပျောက်သွားသလဲ

ဓမ္မစေတီမင်း(ခရစ်နှစ် ၁၄၇၁-၁၄၉၂)သည် ဘုရင်မကြီးရှင်စောပု၏ သမက်တော်ဖြစ်သည်။ရှင်စောပုသည်ခရစ်နှစ် ၁၄၅၉ တွင် ဓမ္မစေတီအား ထီးနန်းလွှဲအပ်ပြီ ရန်ကုန် ရွှေတိဂုံ စေတီအနီး တရားရိပ်တွင် ခိုလှုံခဲ့ သည်။ရှင်စောပုလက်ထက်တွင် ရွှေတိဂုံစေတီတော် ၀တ္တကမြေကို ချဲ့ ထွင်လှူဒါန်းခဲ့ သည်။ဓမ္မစေတီလက်ထက်တွင် ၀တ္တက မြေကို ပြန်ချုံ့ လိုက်သည်။ယင်းကိစ္စအတွက် အပြစ်မဖြစ်စေရန် ခေါင်းလောင်းကြီးတစ်လုံးလှူဒါန်းခဲ့ သည်။
ခရစ်နျစ် ၁၄၇၆ တွင် မွန်ပညာရှိအမတ်ကြီး ဗညားအိမ် ကို သွန်းလုပ်ရန်တာဝန်ပေးခဲ့ သည်။ဓမ္မစေတီခေါင်းလောင်းကြီးသည် ကြေးပိသာ ၁၈၀၀၀၀ ရှိသည်။တန်ချိန် ၂၇၀ လေးသည်။အစောက် ၁၂ တောင်၊အ၀ ၈ တောင်ရှိသည်။
ယင်းသို့ လှူဒါန်းပြီးနောက် ၁၃၂ နှစ်ခန့် အကြာ ခရစ်နှစ် ၁၆၀၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒီဘရစ်တို (ငဇင်ကာ)သည် အမြောက်များပြုလုပ်ရန် ရွှေတိဂုံ စေတီရင်ပြင်တော်ပေါ်မှ ဓမ္မစေတီ ခေါင်းလောင်းကြီးကို အတင်းအဓမ္မ သယ်ဆောင်သွားခဲ့ သည်။သန်လျင် သို့ မရောက်မီ ပုဇွန်တောင်ချောင်းဝ အရောက် သဘောင်္ဝမ်းဗိုက်ကွဲထွက်သွားသည်။ဓမ္မစေတီခေါင်းလောင်းကြီးသည် ထိုအချိန်မှစပြီး ရန်ကုန်မြစ်အတွင်း နစ်မြုပ်ပျောက်ကွယ်သွားခဲ့ ရသည်။

ဟစ်တလာရှေ့ မှာ မြန်မာ့ အစွမ်းကို ပြခဲ့ တာ ဘယ်သူလဲ

သူ့ ကျွန်ဘ၀ရောက်နေစဉ် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် တစ်နိုင်ငံတည်းအဖြစ်တွဲနေသည်
ထို့ ကြောင့်မြန်မာနိုင်ငံမှ ဦးရှိန်းခေါင်းဆောင်လျက် ဇော်ဝိတ်ကြီး သွားရောက် ယှဉ်ပြိုင်ရစဉ်
ငွေကြေးမပြေ့မစုံဖြင့် ဂျာမဏီ အိုလံပစ်သို့ သွားခဲ့ ရသည်။
အိန္ဒိယအားကစားအဖွဲ့ တွင် အဖွဲ့ ဝင် ၂၁ဦးပါဝင်သည်။မဟာရာဂျာပါတီမှ ယာလာဆိုသူ ခေါင်းဆောင်သည်။အိန္ဒိယအားကစားအဖွဲ့ ဝင်အဖြစ်လိုက်ပါသွားရသော် ဇော်ဝိတ်သည်
၁၉၃၆ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ တွင် ကွန်တီဗာရီ သဘောင်္ဖြင့် အီတလီနိုင်ငံ ဗင်းနစ်။ထိုမှတဆင့် မီးရထားဖြင့် ဂျာမဏီနိုင်ငံ၊မြူးနစ်သို့ သွားရသည်။မြူးနစ်မှ တဆင့် အိုလံပစ်ပြိုင်ပွဲကျင်းပရာ ဘာလင်မြို့ သို့ ခရီးဆက်ခဲ့ ရသည်။
ဖွင့်ပွဲနေ့ တွင် ဦးရှိန်းနှင့်ဇော်ဝိတ်တို့ သည်အိန္ဒိယကိုယ်စားပြု အသင်းဝင်များအဖြစ်လိုက်ပါရသောကြောင့် အိန္ဒိယ ၀တ်စုံကိုဝတ်ဆင်ခဲ့ ရသည်။အိန္ဒိယ၀တ်စုံ မ၀တ်လျှင် ယှဉ်ပြိုင်ခွင့် မရဟူသော ဥပဒေကြောင့်
အားမတန် မာန်လျော့ခဲ့ ရသည်။
သြဂုတ်လ ၂ ရက်တွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကစားသမား ၁၄ ဦး ဖြင့် မစ်ဒယ်ဝိတ်တန်း အလေးမပြိုင်ပွဲ
ကျင်းပသည်။ဇော်ဝိတ် ၀င်ရောက်ယှဉ်ပြိုင်သည်။ထိုနေ့ တွင် ဂျာမဏီ အာဏာရှင် ဟစ်တလာ လဲ လာရောက် ကြည့်ရှူသည်။နည်းပြဆရာအဖြစ်ပါသွားသော ကာယဗလဖခင်ကြီး ဦးရှိန်းက စာစောင်တစ်စောင်တွင် '..ဟစ်တလာသည် ဇော်ဝိတ်မသောတစ်နေ့ တည်းလာရောက် ကြည့်သည်။မြန်မာလူမျိုးတစ်ယောက် ဟစ်တလာရှေ့ မှာ မတုန်းတွေးကြည့်ပေတော့။...အဲ့သည့်အခါ ကျွန်ုပ် ဟစ်တလာကို မှန်ပြောင်းဖြင့် ကြည့်နေသည်။
ဝမ်းသာလွန်းလို့ လက်ခုပ်တီးသည်မှာ ကျွန်ုပ်တို့ ၏ဒုက္ခကို ကျေနပ်တော့၏' ဟု ရေးသားခဲ့ သည်။

Friday, January 3, 2014

ဆောက်လုပ်ရေး လုပ်ငန်းရှင် မောင်ဝိတ် ပုသိမ်ထောင်မှ လွတ်မြောက်

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်ထောင် တွင် ထောင်ဒဏ် ၁၅နှစ်ကျခံနေရသည့် ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမောင်ဝိတ် လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော် မြို့နယ် ၌ ဆောက်လုပ်ရေးကုမ္ပဏီ ဖွင့်လှစ်ကာ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ဦးမောင်ဝိတ်သည် မူးယစ်အပါအဝင် လူဝင် ကြီးကြပ်မှု ဥပဒေပုဒ်မများဖြင့် လွန်ခဲ့သည့် ၂၀၀၈ခုနှစ်က ပြစ်ဒဏ် ချမှတ်ခံခဲ့ ရခြင်း ဖြစ်ကြောင်း သိရသည်။

''ဆောက်လုပ်ရေးလုပ် ငန်းရှင်ကြီးတစ်ဦးဆိုပေမယ့် မောင်ဝိတ်က တကယ့်လူငယ် လူတော်တစ်ယောက်ပါ။ လူငယ် ဖြစ်တဲ့အတွက် လူငယ်ဘာသာ ဘာဝအလျောက် အပျော်အပါး တွေ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အစိုးရအနေနဲ့ အခုလို ဆောက်လုပ်ရေးလုပ် ငန်းရှင်တစ်ဦးကို လွတ်ငြိမ်းခွင့် ပေးလိုက်တာဟာ နိုင်ငံတော် အတွက်အပါအဝင် ဆောက် လုပ်ရေးလောကအတွက်ပါ ပို မိုအကျိုးရှိလာလိမ့်မယ်လို့ ယုံ ကြည်ပါတယ်''ဟု မောင်ဝိတ် နှင့်အနီး ကပ်နေထိုင်ခဲ့သူတစ် ဦးက ပြောသည်။

၁၉၉၉ခုနှစ်ခန့်က မောင် ဝိတ်သည် သူ၏ခန္ဓာကိုယ်အ လေးချိန်နှင့်ညီမျှသော ကာလ တန်ဖိုး အမေရိကန်ဒေါ်လာ နှစ်သန်းတန်ဖိုးရှိ ရွှေသားများ ကို ရွှေတိဂုံဘုရားပေါ်တွင် လှူ ဒါန်းခဲ့ဖူးကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်ပြီး ပုသိမ်အကျဉ်းထောင်တွင် အ ကျဉ်းကျနေစဉ် အတူနေခဲ့ပြီး ပြန်လွတ်မြောက်လာသူတစ်ဦး က ''ကိုမောင်ဝိတ်ဟာ လူငယ် ဘဝမှာ မှားတာတွေရှိကောင်း ရှိလာခဲ့မယ်။ အဲဒီအမှားအ တွက်လဲ ပြစ်ဒဏ်ချမှတ်ခြင်းခံ နေရစဉ်ကာလ အတွင်းမှာ ဘဝ တူအကျဉ်းသားတွေရဲ့ ကျန်း မာရေး၊ လူမှုရေးတွေကို အစဉ် တစိုက် ဦးဆောင်ဦးရွက်လုပ် ပေးခဲ့သူတစ်ဦးပါ။ တကယ့်လူ တော်လူကောင်းလေးတစ်ဦး ပါ''ဟု ပြောသည်။

သိပ္ပံပညာနဲ့ ဖြေရှုင်းလို့ မရခဲ့တဲ့ အထူးခြားဆုံးဖြစ်ရပ်များ

အမေရိကန်သမ္မတ လင်ကွန်း နဲ့  ကနေဒီ တို့ ရဲ့ သမိုင်းတစ်လျှောက် အထူးခြားဆုံး တိုက်ဆိုင်တူညီမှုများ

၁။ သမ္မတ နှစ်ယောက်စလုံးရဲ့ နာမည်မှာ စာလုံး (၇) လုံးပါရှိပါတယ်။

၂။ သမ္မတ နှစ်ယောက်စလုံးဟာ အရပ် ခြောက်ပေ ကျော်ရှည်ပါတယ်။

၃။ နှစ်ယောက်စလုံးဟာ ဥပဒေ ပညာကို လေ့လာသင်ယူခဲ့တယ်။

၎။ နှစ်ယောက်စလုံးဟာ မျက်လုံး တစ်ဖက်စီ စွေစောင်းနေကြတယ်။

၅။ နှစ်ယောက်စလုံးဟာ မျိုးရိုးလိုက်တဲ့ ရောဂါတစ်ခု စီ ခံစားခဲ့ရတယ်။

၆။ နှစ်ယောက်စလုံးဟာ စစ်တပ်မှာ အမှုထမ်းခဲ့ကြတယ်။

၇။ နှစ်ယောက်စလုံးဟာ ဘုတ်သဘောင်္ရဲ့ ခေါင်းဆောင်တွေ ဖြစ်ခဲ့ကြတယ်။

၈။ နှစ်ယောက်စလုံးဟာ သေမှာ မကြောက်တဲ့လူတွေဖြစ်ပြီး သက်တောင်စောင့် မထားခဲ့ကြဘူး။

၉။ နှစ်ယောက်စလုံးဟာ သမ္မတ ကို ပစ်သတ်ချင်ရင် ဘယ်လောက် လွယ်ကူတယ် ဆိုတဲ့ အကြောင်း ပြောခဲ့ကြတယ်။

၁၀။ နှစ်ယောက်စလုံးဟာ သောကြာနေ့ မှာ ဦးခေါင်းကို ပစ်သတ်ခံခဲ့ရတယ်။

၁၁။ သူတို့ ဇနီးဘေးနားမှာ ထိုင်နေတုန်း နှစ်ယောက်စလုံး ပစ်သတ်ခံခဲ့ရတယ်။ ဒီဖြစ်ရပ်နှစ်ခုလုံးမှာ သမ္မတ ကတော် နှစ်ယောက်လုံး ဒဏ်ရာတစ်ခုမှ မရရှိခဲ့ဘူး။

၁၂။ လုပ်ကြံမှုနှစ်ခုလုံးမှာ တစ်ယောက်မှ သေလောက်အောင် ဒဏ်ရာမရရှိခဲ့ဘူး။ (သမ္မတ က လွဲလို့ )

၁၃။ လင်ကွန်းဟာ ဖို့ ဒ် ကဇာတ်ရုံ ၊ ခုံအမှတ် ( ၇) မှာ အပစ်ခံခဲ့ရတာဖြစ်ပြီး ၊ ကနေဒီက ဒဲလက်စ်ယာဉ်တန်း ရဲ့ ဖို့ ဒ်ကုမ္ပဏီထုတ် ကားအမှတ် ( ၇) မှာ အပစ်ခံခဲ့ရတယ်။

၁၄။ လင်ကွန်းဟာ ဖို့ ဒ်ဇာတ်ရုံမှာ ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး ကနေဒီကတော့ ဖို့ ဒ်ကုမ္ပဏီထုတ် “လင်ကွန်း” လို့  အမည်ပေးထားတဲ့ ဇိမ်ခံကားထဲမှာ ပစ်သတ်ခံခဲ့ရတာဖြစ်တယ်။

၁၅။ သမ္မတ ကိုလုပ်ကြံသူနှစ်ယောက်စလုံး နာမည် သုံးခု ဖြစ်တယ်။ John Wilkes Booth နဲ့ Lee Harvey Oswald

၁၆။ လုပ်ကြံသတ်ဖြတ်တဲ့ နှစ်ယောက်စလုံးရဲ့ နာမည်ဟာ ဆယ့်ငါးလုံး ဖြစ်နေတယ်။

၁၇။ Booth ကို ၁၈၃၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး Oswald ကို ၁၉၃၉ ခုနှစ်မှာ မွေးဖွားခဲ့တယ်။

၁၈။ သေနတ်သမားနှစ်ယောက်စလုံးဟာ ဖခင်ရဲ့ အုပ်ချုပ်မှုအောက်မှာ မနေခဲ့ရဘုး။

၁၉။ သေနတ်သမားနှစ်ယောက်စလုံးဟာ ခြေလျင်တပ်သားတွေ ဖြစ်တယ်။

၂၀။ သေနတ်သမားနှစ်ယောက်လုံးကို တောင်ပိုင်းမှာ မွေးဖွားခဲ့တယ်။

၂၁။ Booth ဟာ လင်ကွန်းကို ဇာတ်ရုံထဲမှာ ပစ်ခတ်လုပ်ကြံခဲ့ပြီး ကုန်ပစ္စည်းသိုလှောင်ရုံတစ်ခုထဲ ၀င်ပြေးသွားခဲ့တယ်။ Oswald ဟာ ကနေဒီကို ကုန်ပစ္စည်းသိုလှောင်ရုံတစ်ခုကနေ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ကဇာတ်ရုံတစ်ခုထဲ ၀င်ပြေးသွားခဲ့တယ်။

၂၂။ သေနတ်သမားနှစ်ယောက်လုံးကို ကို့ လ်တ် သေနတ် ရဲ့ ကျည်တစ်ချက်ထဲနဲ့ အတူ အသေဖမ်းဆီးနိုင်ခဲ့တယ်။

၂၃။ သမ္မတ နှစ်ယောက်စလုံးဟာ ဒုတိယမြောက်သားတွေဖြစ်ပြီး သူတို့ အဘိုးရဲ့ နာမည်ကို ပြန်ယူသုံးထားတာဖြစ်တယ်။

၂၄။ လင်ကွန်း အတွင်းရေးမှူးနာမည်က ကနေဒီဖြစ်ပြီး ကနေဒီ အတွင်းရေးမှူးနာမည်က လင်ကွန်းဖြစ်တယ်။

၂၅။ လင်ကွန်းသေဆုံးပြီးနောက် ဆက်ခံတဲ့ သမ္မတ နာမည်က ဂျွန်ဆင်ဖြစ်ပြီး ၁၈၀၈ ခုနှစ်မှာ မွေးဖွားတယ်။ ကနေဒီကို ဆက်ခံတဲ့ သမ္မတ နာမည်ကလည်း ဂျွန်ဆင်ဖြစ်ပြီး ၁၉၀၈ ခုနှစ်မှာ မွေးဖွားခဲ့တယ်။

အချစ်ဆိုတာ

အချစ်ဆိုတာ
လက်ခုပ်ထဲက သဲပွင့်လေးတွေနဲ့
အလား သဏ္ဍာန်တူပါတယ်။

အချစ်ကို တမင် ခိုင်မြဲချင်လွန်းလို့
ဖိနှိပ်ဆုပ်ကိုင်ထားလေလေ
ဆုံးရှူံးလွယ်လေလေ ဖြစ်ရပါလိမ့်မယ်။

မတင်းမကျပ်လွန်းဘဲ
ဟန်ချက်ညီညီနဲ့
သဘောထားကြီးကြီးနဲ့
သေသေခြာခြာ

ယုယုယယ ဆုပ်ကိုင်ထားပါမှ

လက်ခုပ်ထဲက သဲတွေလို
သဏန်မပျက်ဘဲ
ကိုယ်နဲ့အတူ ယှဉ်တွဲရှိနေမှာပါ။

မဟုတ်ရင်တော့
လက်ကြားထဲက ယိုစီးကျသွားတဲ့ သဲပွင့်လေး
တွေလိုဘဲ ပြန်လည်မရရှိ နိုင်တော့ဘဲ
အချစ်ကို တသက်စာ
လက်လွှတ် ဆုံးရှုံးရပါလိမ့်မယ်

အချစ်ကိုနားလည်မိခြင်း

စုဖုရားလတ်နဲ့ ပတ်သက်လာရင်...

. စုဖုရားလတ်နဲ့ ပတ်သက်လာရင်... ဘိသိက်ခံတဲ့အချိန် အစ်မကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား.. လင်ကို အရမ်းနိုင်တဲ့ မိဖုရား... ပြင်ပဗဟုသုတ အားနည်းတဲ့ မိဖုရား... ကင်းဝန်မင်းကြီးကို သနပ်ခါး ကျောက်ပျဉ်တွေ ပို့ခိုင်းတဲ့ ခပ်ရင့်ရင့် မိဖုရား... စသည်..စသည်ဖြင့် မကောင်းတာတွေချည်းပဲ ခပ်များများ ဖတ်ခဲ့ရတော့ ဘယ်လို မိဖုရားပါလိမ့်လို့ တွေးမယ်ဆို တွေးချင်စရာချည်း ပါပဲ။ ♦ ဒါပေမယ့်.. ဒါပေမယ့်လည်းဗျာ... ပါတော်မူတဲ့အချိန်မှာ ဗီရိုလှည်းနဲ့ နှိမ့်ချ သယ်ဆောင် ခံရတော့ လှည်းဘေးက အင်္ဂလိပ်စစ်သားဆီ မီးခြစ်တောင်းပြီး (ဆေးလိပ် သိတ်မကြိုက်လှပေမယ့်) "နင်တို့လောက်တော့ ငါက ဆေးလိပ်သောက်တောင် မပျက်ဘူး " ဆိုတဲ့ မျက်နှာပေးနဲ့ ရန်သူကို ထီမထင် လုပ်ပြခဲ့တဲ့ မိဖုရား... ♦သူရိယသင်္ဘောပေါ်က အခန်းထဲမှာ ခေတ္တ လဲလျောင်း နေတဲ့အချိန် တံခါးမခေါက်၊ ခွင့်မတောင်းပဲ ဗြုန်းဆို အခန်းထဲ ဝင်လာတဲ့ အင်္ဂလိပ် ဗိုလ်မှူးကို ထွေးခံနဲ့ ကောက်ပေါက်လိုက်တဲ့ ဆတ်ဆတ်ကြဲ မိဖုရား... ♦ သင်္ဘောကပ္ပတိန်ရဲ့ ဇနီးက သူထိုင်နေတဲ့ ဆိုဖာပေါ် ခွင့်မတောင်းပဲ ဝင်ထိုင်လို့ သစ်သီးထည့်တဲ့ ပန်းကန်ပြားနဲ့ မျက်နှာကို ပေါက်ထည့်လိုက်တဲ့ အထိမခံ မိဖုရား... ♦ ထမင်းပွဲ ပြင်ပေးတဲ့ ကုလားစားပွဲထိုးက အောက်ကျသွားတဲ့ ခက်ရင်းကို မဆေးပဲ စားပွဲပေါ် ဒီအတိုင်း တင်ပေးလိုက်လို့ အဲဒီခက်ရင်းနဲ့ပဲ ကုလားလက်ကို ထိုးစိုက်ပစ်ခဲ့တဲ့ အာဂမိဖုရား... ♦ အရှင်နှစ်ပါး ရှေ့တော်ဝင်ရင် ဘာလက်နက်မှ ကိုင်ဆောင်ခွင့်မရှိတဲ့ မြန်မာ့ထီးနန်း ဓလေ့ထုံးစံ ရှိနေတာ သိသိကြီးနဲ့ ခြောက်လုံးပြူး ခါးချိတ်ပြီး ခပ်တည်တည် ဝင်လာတဲ့ မျက်နှာဖြူအရာရှိကို ( လင်တော်မောင် ဆွဲထားတဲ့ကြားက ) အလှစိုက် ပန်းအိုးနဲ့ ပေါက်ပစ်ခဲ့တဲ့ သတ္တိခဲ မိဖုရား... ♦ ရတနာဂီရိမှာ သီပေါမင်း နတ်ရွာစံတော့ မသာစရိတ် မစို့မပို့ လာဆက်တဲ့ အင်္ဂလိပ် အရာရှိက အရင်တုန်းကလို Your Majesty လို့ မခေါ်တော့ပဲ ( သီပေါမင်း မရှိတော့လို့ နှိမ့်ချတဲ့ သဘောနဲ့ ) Queen Su Phaya Latt လို့ တမင် ခေါ်ခဲ့တဲ့အတွက် အဲဒီငွေထုပ်နဲ့ မျက်နှာကို ပစ်ပေါက်ခဲ့တဲ့ မာနခဲ မိဖုရား... ♦ အင်္ဂလိပ်က သီပေါမင်း အလောင်းတော်ကို မြန်မာပြည် ပြန်သယ်ခွင့် မပေးပဲ ရေခြား မြေခြား တိုင်းတစ်ပါးက ရတနာဂီရိ မှာအတင်း သင်္ဂြိုလ်ခိုင်း။ ယုတ်စွအဆုံး ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သေသူအတွက် သရဏဂုံလေးတောင် တင်ခွင့်မပေးခဲ့လို့ လင်ဖြစ်သူရဲ့ အလောင်းကို လုံးဝ ထုတ်မပေးပဲ သူ့အနားမှာ ၂ နှစ်နဲ့ ၃ လကြာအောင် ထားခဲ့တဲ့ အချစ်ကြီးသူ မိဖုရား... ♦ အလောင်းတော်ကို ထုတ်မပေးရင် အိမ်ပေါ်က အတင်းဆွဲချမယ် ဆိုပြီး လာဝိုင်းတဲ့ အင်္ဂလိပ်စစ်တပ်ကို မုဆိုးမ ပူပူနွေးနွေးပေမယ့် အံကို တင်းတင်းကြိတ်ပြီး အိမ်မှာ မွေးထားတဲ့ ခွေးတွေနဲ့ ရှူးတိုက်ကာ အတင်း ကိုက်ခိုင်းတဲ့ မကြောက်မရွံ့ မိဖုရား... ♦ သီပေါမင်း မရှိတော့လို့ သူတို့ မိသားစုတွေ ရန်ကုန် ပြန်ပို့ခံရတဲ့အချိန် မကျန်းမမာ ဖြစ်နေတာတောင် အင်္ဂလိပ်ဘုရင်ခံက လွှတ်လိုက်တဲ့ ဖာရစီဆရာဝန်ရဲ့ ဆေးကုသမှုကို လုံးဝ လက်မခံပဲ အသက်သာ အသေခံသွားတဲ့ ကုန်းဘောင် မင်းဆက်ရဲ့ နောက်ဆုံး နန်းကျ မိဖုရား... ဒါတွေဟာ အားမတန်ပေမယ့် မာန်ကို မလျှော့ခဲ့တဲ့.. ဒူးလည်းမထောက် လက်လည်း မမြှောက်ခဲ့တဲ့ စုဖုရားလတ်ရဲ့ မာနတွေလား... ??? တစ်တိုင်းပြည်လုံး သူ့ကျွန်ဘဝမှာ ပြားပြားဝပ် နေတာတောင် ရတဲ့နည်းနဲ့ နယ်ချဲ့ကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ နန်းကျ မိဖုရား တစ်ဦးရဲ့ တော်လှန်ရေး စိတ်ဓာတ်တွေလား ဆိုတာကတော့ သူပဲ အသိဆုံး ဖြစ်မှာပါဗျာ.....။ ......... အသက် ငယ်ငယ်ရွယ်ရွယ်၊ ချောမော လှပတဲ့ အားနွဲ့သူ မိန်းမပျိုလေး တစ်ယောက်က ယောင်္ကျား ရင့်မာကြီး အယောက် ၅၀ လောက် ဝိုင်းပြီး အနိုင်ကျင့် စော်ကားမှာကို လုံးဝ ခေါင်းငုံ့ မခံပဲ ဓါးကလေး တစ်လက်နဲ့ မကြောက်မရွံ့ ခုခံ ကာကွယ်ခဲ့တယ် ဆိုရင် ဖြစ်နိုင်ပါ့မလား... ??? ဒါ့အပြင် အဲဒီ မိန်းမပျိုလေးဟာ... နူတ်ကြမ်း၊ အာကြမ်း၊ စရိုက်ကြမ်း တဲ့ အမျိုးအနွယ်ထဲက မဟုတ်ပဲ တစ်သက်လုံး သိမ်မွေ့ နူးညံ့စွာ နေလာခဲ့ပြီးမှ သူနဲ့ သူ့မိသားစုရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအတွက် သူ့ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် ဓါးကို မနိုင့်တနိုင် ကိုင်ဆွဲပြီး အရှက်နဲ့ အသက် လဲဘို့ ကြံစည်ခဲ့တာ ဆိုရင်ကော... ပိုပြီး အံ့သြဘို့ ကောင်းတာက သူဟာ ရေခြား မြေခြား တိုင်းတစ်ပါးမှာ မွေးစ ကတည်းကနေ အဲဒီအချိန်ထိ တစ်သက်လုံး မျက်စိသူငယ် နားသူငယ်နဲ့ ညိုးငယ်စွာ နေလာခဲ့ရတဲ့ မြန်မာမလေး တစ်ယောက်ဖြစ်ခဲ့ပြီး သူ စိန်ခေါ်ခဲ့တဲ့ သူတွေကတော့ ဘာသာမတူ၊ အသွေးအရောင်မတူတဲ့ နိုင်ငံခြားသားတွေ... သူ စိန်ခေါ်ခဲ့တဲ့ နေရာကလည်း ကိုယ့်ပြည် ကိုယ့်မြေမှာ မဟုတ်ပဲ အားလုံးက မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့ နိုင်ငံရပ်ခြား တိုင်းတပါးမှာ ဆိုရင်ကော..... ဒီ အဖြစ်အပျက်တွေက ကြာတော့လည်း ကြာခဲ့ပါပြီ... တိတိကျကျ ပြောရရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၄ နှစ်ကျော်၊ ၁၉၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အတိတ်ကို ပြန်လည် တူးဆွတာ မဟုတ်ပေမယ့် မမေ့သင့်တဲ့၊ သင်ခန်းစာ ယူစရာကောင်းတဲ့ ဖြစ်စဉ်တစ်ခုလို့ ယူဆမိတာမို့ ရင်နာနာနဲ့ပဲ တင်ပြပေးပါရစေ... ၁၅.၁၂.၁၉၁၆ နေ့မှာ နတ်ရွာစံခဲ့တဲ့ သီပေါမင်းရဲ့ အလောင်းတော်ကို အင်္ဂလိပ်က မြန်မာပြည် ကို ပြန်သယ်ဆောင်ခွင့်မပေး၊ ယုတ်စွအဆုံး မြန်မာပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ပင့်ဆောင်ပြီး သရဏဂုံလေးတောင် တင်ခွင့်မပေးတဲ့အတွက် စုဖုရားလတ်က အသည်းနာစွာနဲ့ အလောင်းတော်ကို ထုတ်မပေးပဲ ၂ နှစ်နဲ့ ၃ လခန့် သူနဲ့အတူထားပြီး တင်းခံ နေတဲ့အချိန်... အဲဒီအချိန်မှာ အင်္ဂလိပ်က ဂျာမဏီနဲ့ ပထမ ကမ္ဘာစစ် ဖြစ်နေတော့ ဒီ အလောင်းတော် ကိစ္စကို ခေါင်းထဲ သိတ်ထည့် မထားဘူး။ ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ဂျာမဏီ စစ်ရှုံးလို့ ပထမ ကမ္ဘာစစ်ကြီး ပြီးသွားတော့ မှ မုဆိုးမ စုဖုရားလတ်တို့ သားအမိ တတွေကို မြန်မာပြည် ပြန်ပို့ဘို့ စဉ်းစားပြီ။ ထွက်လာပါပြီ... အင်္ဂလိပ်ရဲ့ ရာဇသံ။ "၂၃.၂.၁၉၁၉ နေ့ နောက်ဆုံးထားပြီး စုဖုရားလတ်နဲ့ သမီးတော်တွေ ရတနာဂီရိက ထွက်။ သီပေါမင်း အလောင်းကို ဒီအတိုင်း ထားခဲ့။ ရတနာဂီရိမှာပဲ ဂူသွင်း သင်္ဂြိုလ်ပေးမယ် "...တဲ့။ မာနခဲ စုဖုရားလတ်ကလည်း ခပ်ပြတ်ပြတ်ပဲ အကြောင်းပြန်တယ်။ " ငါ့ယောင်္ကျား အလောင်း မပါပဲ ပြည်တော် မပြန်ဘူး။ နင်တို့ ကြိုက်သလိုလုပ် "...တဲ့။ အလောင်းတော် တိုက်ပွဲက နှစ်ဖက်စလုံး တင်းခံနေတော့ အင်္ဂလိပ်က ဘီလူးဆိုင်း စတီးပါပြီ။ ရတနာဂီရိ စံအိမ်တော်ကို အင်္ဂလိပ် စစ်တပ်နဲ့ဝိုင်း။ အလောင်းတော်ကို အသာတကြည် ထုတ်မပေးရင် အင်အားသုံးပြီး လုစေ... ကြံရာမရဖြစ်သွားရှာတဲ့ စုဖုရားလတ်ခမြာ အေးအတူ ပူအမျှ နေလာခဲ့တဲ့ ချစ်လင်ဖြစ်သူရဲ့ အလောင်း ပါသွားမှာ စိုးရိမ်တာနဲ့ စံအိမ်မှာ မွေးထားတဲ့ ခွေးတွေကို ရိုက်နှက်ပြီး လက်နက် အပြည့်အစုံပါတဲ့ အင်္ဂလိပ် စစ်တပ်ကို ရှူးတိုက်ပြီး ကိုက်ခိုင်း။ ချစ်လင်ရဲ့ အလောင်းပေါ် အလျားလိုက် မှောက်ပြီး " ငါ သေမှ ငါ့လင် အလောင်းကို ရမယ်။ သတ္တိရှိရင် ပစ်ကြ "... လို့ စိန်ခေါ်... စံအိမ်တော်ပေါ်မှာ ကမ္ဘာပျက်သလို အော်ဟစ် ငိုယို နေကြပြီ။ မယ်ကံဆိုး သားအမိတွေရဲ့ကံက ဒီလောက်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ဗူးလေးရာ ဖရုံဆင့်ဆိုသလို စံအိမ်တော် အရာရှိဆိုပြီး အင်္ဂလိပ်အစိုးရ ခန့်ထားတဲ့ မျက်နှာဖြူကောင်က အိမ်ပေါ် ခပ်တည်တည်နဲ့ တက်လာ... သီပေါမင်းရဲ့ သမီးတော် လေးယောက်ကို ကုလားထိုင်ပေါ် ထိုင်ခိုင်း... နောက်ပြီး စံအိမ်တော် အလုပ်သမား အိန္ဒိယ အမျိုးသား အယောက် ၅၀ ကျော်လောက်ကို စု... " အခု သီပေါဘုရင် သေပြီ။ ဒီနေ့ကစပြီး ဒီမိန်းမတွေကို မင်းတို့တတွေ ရိုသေစရာ မလိုတော့ဘူး။ ဒီတော့.. ဒီမိန်းမ လေးယောက်ထဲက မင်းတို့ ကြိုက်တဲ့သူ ယူနိုင်တယ် "..ဆိုပြီး ပြောချလိုက်တော့ ဟိုကောင်တွေကလည်း သမီးတော်တွေကို ထဆွဲမယ် တကဲကဲ လုပ်။ အို... ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပါရော။ ကျန်တဲ့ သမီးတော် သုံးယောက်က ရှက်လွန်းလို့ အသားတွေ တဆတ်ဆတ် တုန်ပြီး ငိုယိုနေတဲ့အချိန်... အငယ်ဆုံး သမီးဖြစ်တဲ့ စတုတ္ထသမီးတော်က မပြောမဆိုနဲ့ သူ့ခမည်းတော်ရဲ့ ခေါင်းရင်းမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင် ဓါးကြီးကို ဗြုန်းဆို ဆွဲထုတ်... မျက်နှာဖြူကောင် ထိုင်နေတဲ့ ရှေ့က စားပွဲကြီးပေါ် (ထဘီ ဝတ်ထားပေမယ့် ) ဒေါသတကြီးနဲ့ လွှားကနဲ ခုန်တက်... ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး " ခွေးကောင်တွေ.. ရှေ့တိုးရဲ တိုးကြည့်စမ်း " လို့ ဒေါသ အံကြိတ်သံနဲ့ စိန်ခေါ်။ စံအိမ်တော် ပေါ်က မြန်မာမလေး တစ်ယောက်ရဲ့ အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲတဲ့ပွဲ... ဟိုကောင်တွေ တစ်ကောင်မှ ဝင်မဆွဲရဲတော့ဘူးလေ။ အားနွဲ့သူ ဆိုပေမယ့် မြန်မာ့သွေးက ရဲရဲနီ... သာကီမျိုးဟေ့ ဒို့ဗမာ... ပြီးတော့ မျက်နှာဖြူကောင်ကိုပါ ဓါးနဲ့ရွယ်ပြီး " ငါ့ခမည်းတော် နတ်ရွာစံပေမယ့် ငါတို့ဟာ မြန်မာ မင်းသမီးတွေပဲ။ စစ်တိုက်လို့ စစ်ရှုံးခဲ့တာ မဟုတ်ဘူး။ နင်တို့ အကောက်ကြံပြီး မတရား နန်းချ ခံခဲ့ရတာ။ အခုလို စော်ကားတာကို အထက် စာတင်မယ်။ နင် သတ္တိရှိရင် နောက်ထပ် အမိန့်ပေးစမ်း။ နင့်ကိုပါ ခုတ်ပစ်မယ်"..လို့ ရဲရဲတောက် စိန်ခေါ်... ပေါ်လီတီကား ဆိုတဲ့ မျက်နှာဖြူကောင် က အဲဒီတော့မှ ကျီစယ်တာပါဆိုပြီး လျှောချ။ ဒေါသ ဖြစ်စရာ... အသည်းနာစရာ ကောင်းလိုက်လေဗျာ... သီပေါမင်းနဲ့ စုဖုရားလတ် အုပ်ချုပ်ခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာပြည်ရဲ့ သမိုင်းကြောင်းတွေကို သမိုင်းဆရာပေါင်းစုံက စာအုပ်ပေါင်းစုံ ရေးသားထုတ်ဝေခဲ့ပြီးလို့ အဆိုး အကောင်း မဝေဖန်ချင်ပေမယ့် နန်းကျ မုဆိုးမ တစ်ဦးရဲ့ မာန၊ ဖခင် ကွယ်လွန်သွားတာနဲ့ မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ သူတွေကို ဓါးဆွဲပြီး အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲရဲတဲ့ မြန်မာမလေး တစ်ယောက်ရဲ့ မြန်မာ့ မာနကိုတော့ ........

အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုး၊ ဘာသာ ကန့်သတ်မှု မရှိပါဘူး...။

အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုး၊ ဘာသာ ကန့်သတ်မှု မရှိပါဘူး...။

(၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ် လို့ ပြောတယ်။
နင် ခေါင်းကို ငဲ့ပြီး မျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲဒါ
ဘာအဓိပ္ပါယ်လည်း လို့ ငါ့ကို မေးခဲ့တယ်။

(၁၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
အကျီ အနားစကို အဓိပ္ပါယ်မဲ့ လုံးချေ ကစားရင်း ခေါင်းလေးကို ငုံ့လို့
ရှက်သွေးတွေ ဖြာပြီး နင် ပြုံးနေခဲ့တယ်။

(၂၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့ ပုခုံးထက်မှာ ခေါင်းလေးကို မှီပြီး ငါ ပျောက်ကွယ်သွားမျာ စိုးတဲ့အလား
ငါ့လက်မောင်းကို နင် တင်းတင်း လေး ဖက်ထားခဲ့တယ်။

(၂၅)နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
မနက်စာကို ပြင်ဆင်ရင်း ငါ့နဖူးကို တစ်ချက်နမ်းပြီး "သိပါတယ်... ထပါတော့
လူပျင်းလေးရယ်" လို့ ချစ်စနိုးနဲ့ နင် ပြောခဲ့တယ်။

(၃၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
"တစ်ကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ ပစ္စည်းတွေ ကိုလည်း
ဝယ်ခဲ့ဖို့ မမေ့နဲ့" လို့ နင် ရယ် ပြီး ပြောခဲ့တယ်။

(၄၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
ပန်းကန်တွေ သိမ်းရင်း "ကောင်းပါပြီ.. ကလေးတွေကို စာပြလိုက်ပါဦး" လို့ နင်
စိတ်မရှည်စွာ ပြောခဲ့တယ်။

(၅၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
သိုးမွှေးချည် ထိုးရင်း "တစ်ကယ်လား... နင့်စိတ်ထဲမှာ ငါ့ကို စောစော
သေစေချင်နေတယ် မဟုတ်လား" လို့ ပြောပြီး တခစ်ခစ်နဲ့ နင် ရယ်ခဲ့တယ်။

(၆၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့လက်မောင်းကို တစ်ချက်ထုရင်း "အဘိုးကြီး... မြေးတွေတောင် ကြီးနေပြီ
အပြောက မက်တုန်း" လို့ ပြောခဲ့တယ်။

(၇၀) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ ခုံပေါ်မှာ အတူတူထိုင်ပြီး
လွန်ခဲ့တဲ့ အနှစ် ၅၀ က ဓါတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့
တွန့်ကြေနေတဲ့ လက်ကို ငါ ဆုပ်ကိုင်ရင်း ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
အကြင်နာတွေ ပြည့်နေတဲ့ မျက်လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။
အရစ်ကြောင်းတွေနဲ့ တွန့်ကြေ နေပေမယ့် နင့်မျက်နှာဟာ လှပနေဆဲပါ။

(၈၀) အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
နင် လဲလှောင်းနေတယ်... ငါ ငိုနေတယ်။ နောက်ဆုံး တစ်ခွန်း နင်ပြောခဲ့တယ်။
"ငါ...နင့်...ကို.... ချစ်......တယ်"
ငါ့ဘ၀မှာ အပျော်ဆုံးနဲ့ ၀မ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ...။

အချစ်စစ်ဟာ အချိန်ကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ အကွာအဝေးကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ နေရာဒေသကို ကျော်ဖြတ်တယ်။

အချစ်ကို တန်ဖိုးထားတတ်ဖို့၊ မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲ
လိုပါတယ်.....။

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းများ

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းများ



၁။ ပထမ အကြီးဆုံး =ဓမ္မစေတီ ခေါင်းလောင်း

အလေးချိန် = ၂၉၃ တန်၊

နေရာ = ရန်ကုန်တိုင်း ဒေါပုံမြစ်အတွင်း၊ မြန်မာနိုင်ငံ၊
...



၂။ဒုတိယ အကြီးဆုံး =( Tsar Kolokol ) ဆာ-ကိုလိုကိုး ခေါင်းလောင်း

အလေးချိန် = ၁၈၀ တန်၊

နေရာ = မောစကိုမြို့ ၊ ရုရှားနိုင်ငံ၊



၃။ တတိယအကြီးဆုံး = အလေးချိန် ၁၂၈ တန်ရှိ မော်စကိုမြို့မှ ခေါင်းလောင်း၊

၎။ စတုတ္ထ အကြီးဆုံး = မင်းကွန်းခေါင်းလောင်း

အလေးချိန် = ၉၃ .၅၅ တန်၊

နေရာ - မင်းကွန်းတောင်ရိုး၊ စစ်ကိုင်းတိုင်း၊



၅။ ပဉ္စမ အကြီးဆုံး - Chion-in ချီယွန်အင် ခေါင်းလောင်း၊

အလေးချိန် = ၆၇ တန်၊

နေရာ = ကျိုတိုမြို့၊ ဂျပန်နိုင်ငံ၊



၆။ ဆဋ္ဌမအကြီးဆုံး - Yongle ရွန်ဂဲလ် ခေါင်းလောင်း၊

အလေးချိန် = ၄၅ တန်၊

နေရာ = ဘေဂျင်းမြို့၊ တရုတ်နိုင်ငံ၊

ရှာရှာဖွေဖွေ စပ်မိစပ်ရာလေးတွေ ပါ ။

(၁) အမြန်ဆုံးပြေးနိုင်တဲ့ ကုန်း သတ္တ၀ါတွေဟာ တောလိုက် ကျားသစ် ပဲ ဖြစ်ပါတယ် ။
တစ်နာရီမှာ ကီလိုမီတာ တစ်ရာကျော် ထိပြေးနိုင်ပါတယ် ။


(၂) ကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်ဖူးသမျှ သက်ရှိသတ္တ၀ါတွေထဲမှာ ဝေလငါး ဟာ အကြီးဆုံး ဖြစ်ပါတယ် ။
ကုန်းသတ္တ၀ါတွေထဲမှာလဲ ဝေလငါး အရွယ်အစားလောက် ကြီးမားတဲ့သတ္တ၀ါမျိုး မပေါ်ပေါက်ခဲ့ဖူးပါဘူး ။
ဘာကြောင့်လဲ ဆိုတော့ အဲဒီလောက်လေးတဲ့ သူတို.ရဲ့ ခန္ဓာကိုယ် ကို သူတို. ထောက် ကန် ပင့် မ မထားနိုင်လို.ပါ ။



(၃) အိုလံပစ် အလံ ရဲ့ အဖြူရောင်အောက်ခံပေါ်မှာ တစ်ခု နဲ့ တစ်ခု ဆက်ယှက်ထားတဲ့ ရောင်စုံ ကွင်း ငါး ကွင်းဟာ
လူသားတိုးမှီတင်းနေထိုင်ကြတဲ့ တိုက်ကြီး ငါးတိုက်ကို ကိုယ်စားပြုပါတယ် ။
အာဖရိကတိုက် ၊ အမေရိကတိုက် ၊ အာရှတိုက် ၊ ဥရောပတိုက် ၊ သြစတေးလျတိုက် တို.ပဲ ဖြစ်ပါတယ် ။


(၄) ခလောက်မြွေ ရဲ့ ခေါင်းကို ဖြတ်လိုက်လို.ပြတ်သွားတဲ့ခေါင်းဟာ ခေါင်းပြတ်ပြီးနောက် မိနစ် နှစ်ဆယ် ကျော်ကျော်ကြာတဲ့အထိ
ကိုက်နိုင်သေးတယ် ၊ အဆိပ်ထုတ်နိုင်သေးတယ် ။
Rattlesnake.jpg Rattlesnake 2.jpg (*** ခလောက်မြွေပုံပါ ။ )


(၅) ဇီးကွပ် တွေ ပျံရင် အတောင်ပံအဖျားကို အောက်ဘက်သို. ချထားတဲ့အတွက် အသံလုံးဝ မထွက်ပဲ ပျံသန်းနိုင်ပါတယ် ။


(၆) ငှက်ပိတုန်း ဟာ ကမ္ဘာ ပေါ်မှာ နောက်ပြန်ပျံသန်းနိုင်တဲ့ တစ်ခုတည်းသော ငှက်မျိုးဖြစ်ပါတယ် ။ သူတို.ဟာ တောင်ပံကို တစ်ဝီ၀ီခတ်ပြီး လေထဲမှာတန်.နေနိုင်ပါတယ်။

Hummingbirds.jpg Hummingbirds 2.jpg ( *** ငှက်ပိတုန်းလေးတွေပါ။)


(၇)အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်က ရုဒ်ရန်းနားငှက်ဟာ ခလောက်မြွေကို အနိုင်ယူနိုင်ပါတယ် ။ အဲဒီမြွေ အိပ်နေတုန်း
ချွန်ထက်တဲ့ ရှားစောင်းစူးတွေကို မြွေ၇ဲ့ ပတ်လည်မှာ စုပုံချထားပေးခြင်းဖြင့် အနိုင်ယူခြင်းဖြစ်ပါတယ် ။

Roadrunner.jpg ( *** ရုဒ်ရန်းနားငှက် ပုံပါ)


(၈) ကမ္ဘာပေါ်မှာ အား အသန်ဆုံး သတ္တ၀ါ ဟာ ရီနိုဆော့ရပ်စ် ပိတုန်း ဖြစ်ပါတယ် ။ သူ ရဲ့ ခန္ဓာကိုယ်ရဲ့
အဆပေါင်း ၈၅၀ ရှိတဲ့ အရာကို ကောင်းစွာ သယ်မ နိုင်ပါတယ်။
beetle.jpg beetle.jpg(*** ရီနိုဆော့ရပ်စ် ပိတုန်း ပုံကို အနီးစပ်ဆုံးရှာပြီး ထည့်ပေးထားတာပါ။)

ရွက်ဖြတ် ပုရွတ်ဆိတ် ကတော့ သူ.ကိုယ်အလေးချိန်ရဲ့ အဆ ၅၀ ရှိတဲ့အ၇ာတွေကို အသာလေး ပင့်ချီနိုင်ပါတယ် ။
ဒါဟာ လူတစ်ယောက် ထရပ်ကား တစ်စီးကို မနိုင်သလိုမျိုးပေါ့ ။
ပေါင် ၁၂၀၀၀ လောက်ရှိတဲ့ ဆင် ကတော့ ပေါင် ၂၀၀၀၀ လောက်ကို အသာလေး သယ်နိုင်ပါတယ် ။


(၉) ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ဘာသာစကားမှာ အိန္ဒိယ က ဆင်ထိန်းများဆင်ကို ထိန်းကျောင်းရာတွင်ပြောဆိုလေ့ရှိတဲ့
ဘာသာစကားဖြစ်ပါတယ် ။ သူတို.ဟာ ဆင်တွေကို ပြောတဲ့အခါ ဟင်ဒီ ၊ အာရဘစ် ၊ ပါရှန်း ဘာသာစကားတွေကို
သုံးတာ မဟုတ်ဘူး။ သူတို.အသုံးပြုနေတဲ့စကားက ဟိုး.. ရှေးနှစ်ပေါင်း ငါးသောင်းလောက်က ဆင်ရိုင်းတွေကို
ယဉ်လာအောင် သွန်သင်ပေးတဲ့ ဂူအောင်း ကျောက်ခတ်လူသားတွေရဲ့ ဘာသာစကားကို အသုံးပြုနေတာ ဖြစ်ပါတယ်တဲ့ ။


(၁၀) ပိုလာဝက်ဝံတွေက ဘယ်သန်တွေပါ ။
===========================
သန်းခေါင်ယံမှာ နေသာတဲ့ အရပ် ဘယ်မှာရှိသလဲ....?

"လက်ပလန် "ဟာ အဓိကအားဖြင့် (ကမ္ဘာမြောက်ဘက်စွန်းအရပ်)အာတိတ် စက်ဝိုင်း အရပ်ဒေသ အတွင်းမှာရှိပါတယ် ၊ နော်ဝေမြောက်ပိုင်း ၊ ဆွီဒင် နဲ့ဖင်လန်နိုင်ငံ တို့ထိ ဖြန့်ကျက်တည်ရှိပါတယ်။ အဲဒီနေရာဟာ သန်းခေါင်ယံ နေမင်းတွန်းလင်းတဲ့ နေရာတွေ ပေါ့။ တစ်နေ့မှာ 24 နာရီလုံးလုံး အဆက်မပြတ် နေသာတယ်လေ၊ မေလလယ်ကနေ ဇူလိုင် လကုန် အထိ (73)လုံးလုံး ပေါ့။


ဘာကြောင့် ပင်လယ်ရေ ငန်သလဲ....?

ဆားဆိုတာ ဓာတ်သတ္တု တစ်မျိုး ဖြစ်ပါတယ်။ ကျောက်ဆောင် တွေကို မိုးရေ တွေက တဖြည်းဖြည်းချင်းတိုက်စားတော့ ( အမူန့်လေးတွေ ဖြစ်ပြီး )မိုးရေနဲ့အတူ ပင်လယ်ထဲကိုစီးဆင်းသွားပါတယ်။ ပင်လယ်ရေကို ငန်စေပါတယ်။ ပင်လယ်ရေ အငွေ့ပျံတဲ့ အခါ ဆားက အငွေ့မပျံပဲ ကျန်ခဲ့ပါတယ်။


ပင်လယ်နီ ဟာ နီသလား.... ?

ရေပြင်ကို အနီရောင်ဖြစ်အောင် လုပ်ပေးနီုင်တဲ့ "အယ်လ်ဂျီ" တွေကြောင့် ၊ "ပင်လယ်နီ " ဆိုတဲ့ အမည်ကို ရတာဖြစ်ပါတယ်၊ဒီအပြောမကျယ်လှတဲ့ ကုန်းတွင်းပိုင်း ပင်လယ်ဟာ အိန္ဒိယသမုဒ္ဒရာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အရှေ.မြောက်အာဖရိက နဲ့ အာရပ်ကျွန်းဆွယ်ရဲ့ ကြားမှာတည်ရှိပါတယ် ။


ပင်လယ်သေဆိုတာ ဘာလဲ...?

ပင်လယ်ရေမျက်နှာပြင်အောက် 369-မီတာ၊ (၁၂၉၉) ပေမှာရှိတဲ့ အစ္စရေးနဲ့ ဂျော်ဒန်နယ်ခြားက ရေအိုင်ကြီး ဖြစ်ပါတယ်၊ အဲဒီအထဲက ရေတွေဟာ ရိုးရိုးပင်လယ်ဆားငန် ရေထက် ခုနစ်ဆ ပိုငန်ပါတယ်၊ ဘယ်လိုငါးမျိုးမှ အဲဒီရေထဲမှာ မနေနိုင်ကြပါဘူး၊ ရေကူးတဲ့ လူတွေလည်း ရေထဲကိုနစ်မသွားပဲ ရေပေါ်မှာပေါလောပေါ်နေပါတယ်။

ဖယောင်းတိုင် ဘာကြောင့် မီးတောက်လောင်သလဲ..?

ဖယောင်းတိုင်ရဲ့ မီးစာကို မီးညှိလိုက်တဲ့ အခါ၊ အပူရှိန်က ဖယောင်းကို အရည်ပျော်စေတယ် ၊ အရည်ပျော်သွားတဲ့ ဖယောင်းတွေက မီးစာရှိတဲ့ဆီကို တဖြည်းဖြည်းချင်း ရွေ.လျားစီးဝင်လာပါတယ်၊ အဲဒီဖယောင်းအရည်တွေက ဖယောင်းတိုင်ရဲ့ မီးတောက်ကလေးနဲ့ တွေ့တဲ့အခါ၊ ဖယောင်းအငွေ့ဖြစ်သွားပါတယ်။ အဲဒီဖယောင်းအငွေ့က လေထဲမှာတဲ့ အောက်ဆီဂျင်နဲ့ ရောနှောပြီး ဖယောင်းတိုင်မီးလေးအဖြစ် တောက်လောင် ပါတယ်။
=========================
ကျောင်းသင်္ခန်းစာမှာ မသင်တဲ့အရာ (Nov 7, '08 3:44 AM )for everyone

ကေသာမြစိမ်း



၁) လူရဲ့တစ်ကိုယ်လုံးမှာ အပျော့ပျောင်းဆုံးကြွက်သားက လျှာဖြစ်တယ်။



၂) မျက်လုံးဖွင့်ပြီး ဟတ်ချိုးမချေနိုင်ဘူး။



၃) တံဆိပ်ခေါင်း (သို့) စာအိပ်တွေ ကပ်ဖို့ လျှာနဲ့ လျှက်လိုက်တာနဲ့ ကော်မှာပါတဲ့ ကယ်လိုရီ ၁၀ပုံ ၁ပုံ ကို သင်လျှက်မိသွားပြီ။



၎) ညာကျော်တွေက ဘယ်ကျော်တွေထက် ပျမ်းမျှ အသက်(၉)နှစ် ရှည်ကြတယ်။



၅) ပိုလာဝက်ဝံတွေက ဘယ်ကျော်ဖြစ်တယ်။



၆) မိကျောင်းတွေက လျှာရှည်သလောက် သူတို့လျှာကို အပြင်ထုတ်လို့ မရဘူး။



၇) ခြင်္သေ့အချို့က တစ်နေ့ကို အကြိမ်(၅၀)မိတ်လိုက်နိုင်တယ်။



၈) ငှက်ကုလားအုတ်တွေရဲ့ မျက်လုံးက ဦးနှောက်ထက်ကြီးတယ်။



၉) ကြယ်ငါးတွေမှာ ဦးနှောက်မပါဘူး။



၁၀) ခွေးလေး(သန်း)တွေက သူတို့ခန္ဓာကိုယ်ထက် အဆ ၃၅၀အမြင့်ကို ခုန်နိုင်တယ်။



၁၁)ခေါင်းဖြတ်ခံထားရတဲ့ ပိုးဟပ်တစ်ကောင်ဟာ (၉)ရက်အထိ အသက်ရှင် နိုင်သေးတယ်။ (၉)ရက်နောက်ပိုင်း သေဆုံးသွားရတာက ဆာလောင်လို့ပဲဖြစ်တယ်။ ဒါကြောင့် ပိုးဟပ်တွေကို သတ်မိခဲ့ရင် တစ်ချက်ထဲနဲ့ သေအောင်သတ်လိုက်ပါ။

အကျဉ်းသား များလွှတ်ပေး


မန်းအိုးဘိုထောင်မှ နိုင်ငံခြားသားများအပါအ၀င်
အကျဉ်းသား ၈၀၀ကျော်၊သာယာဝတီထောင်မှ အကျဉ်းသား၂၈၀ဦးလွတ်မြောက်

မန္တလေး၊ ဇန်န၀ါရီ ၃
မန်းအိုးဘိုထောင်မှာ အကျဉ်းသားစုစုပေါင်း ၈၈၃ယောက် နိုင်ငံတော်သမ္မတလွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ယနေ့လွတ်မြောက်လာခဲ့သည်။
နိုင်ငံခြားသားအကျဉ်းသား ကျား/မ ၄၆ယောက်၊ ပြည်တွင်းအမျိုးသမီးအကျဉ်းသူ ၂၀၀အပါအ၀င် စုစု ပေါင်း ၈၈၃ယောက်လွတ်ပေးမည်ဖြစ်ကြောင်း အိုးဘိုအကျဉ်းထောင်မှ သတင်းရရှိသည်။
နိုင်ငံတော်သမ္မတက ၆၆ နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော် တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ အတွက်လည်းကောင်း၊ လူသား ချင်းစာနာထောက်ထားမှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ် ကျခံနေရသည့်အကျဉ်းသားများ၏့ ပြစ်ဒဏ်များကို လျှော့ပေါ့ပေးခြင်း၊ အပြီး သတ်လွတ်ပေးခြင်းများပြုလုပ်ခဲ့သည်။ထိုအတူ သာယာဝတီထောင်မှ အကျဉ်းသား၂၈၀ဦးလွတ်မြောက်လာကြောင်း အမျိုးသမီး၈၀ဦးနှင့်အမျိုးသား၂၀၀ဖြစ်ကြောင်းသိရသည်။
လက်ရှိအိုးဘိုအကျဉ်းထောင်မှ အကျဉ်းသားများအားလူအုပ်စုခွဲကာလွှတ်ပေးနေပြီး
ယနေ့ ၂နာရီခန့်အထိ အကျဉ်းသား များလွှတ်ပေးနေဆဲဖြစ်သည်။

နှစ်သစ်ကူးနဲ့အတူ ရန်ကုန်တွင် လူ ၂၀ ကျော် ဘဝကူး


၃၁ ရက်နေ့က ဖြစ်ပွားခဲ့သော အမှုများမှာ ယာဉ်မတော်တဆမှု ၉ မှု၊ သေမှုသေခင်း ဖြစ်စဉ် ၇ မှု၊ လူသတ်မှု ၁ မှု၊ မူးယစ်ဆေးဝါး ဖမ်းဆီးမှု ၁ မှု၊ နာကျင်စေမှု ၃ မှုတို့ ဖြစ်ပြီး သေဆုံးသူ ၁၄ ဦး၊ အတွင်းလူနာ အဖြစ် ဆေးရုံတက်ရသူ ၁၂ ဦး

၆၆ နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကျင်းပ